ချစ်ခြင်းရဲ့ အခြားတစ်ဘက်မှာ.....
05:39 Posted In အတွေးအမြင် Edit This 0 Comments »ချစ်ခြင်းရဲ့အခြားတစ်ဘက်မှာ ဘာရှိသလဲဆိုတာကို ကျွန်တော်မသိခဲ့ပါ..။ တကယ်တော့ သိနိုင်ဖို့ ကိုအဆင့်မရှိခဲ့ပါဘူးလေ..။ချစ်ခြင်းဆိုတာကိုကျွန်တော်သိပ်နားမလည်ခဲ့ပါဘူး..။လောကမှာလူတိုင်းချစ်ကြပါတယ်လေ..။ ဒါပေမယ့် ချစ်တာကို Cupid မသိခဲ့ဘူး..။ သြော် ချစ်ခြင်းဆို မည်သို့ဘာလိမ့်ဗျာ..။
လူရယ်လို့ဖြစ်လာရင်တော့ချစ်ခြင်းကိုကြုံကြရမှာပါဘဲလေ..။ Cupid တော့ သိပါနားမလည်ခဲ့ပါဘူး..။ ဖြစ်ပုံက ဒီလိုတွေမို့လေ..။ ရယ်တော့ရယ်ရတယ်ဗျာ.. ( ၅ ) တန်းကျောင်းသား လေးက ရည်းစားထားတတ်တယ်ဆိုတော့ ခက်မနေပေဘူးလား..။ Cupid ကအဲလိုဖြစ်ခဲ့တယ်..။ ငယ်စဉ် ကတည်းကနေ ရည်းစားထားတတ်ပြီလိမ်တတ်နေပြီလေ..။အနိုင်အရှုံးဆိုတာတွေကိုသိနေပြီလေ..။အသက်လေးလည်းကြီးလာရောရည်းစားဆိုတာကိုယ့်အသက်ထက်များနေပြီ..။ သြော်ခက်နေပါပကောလားနော်..။
တက္ကသိုလ်ကျောင်းသား ဘ၀ရောက်တော့ ရည်းစားမက အဆင့်တွေမြင့်ခဲ့ကြပြီ ဘ၀လက်တွဲ ဖော်ရယ်လို့ ပေါက်ကရတွေပြောတတ်နေပြီဘဲလေ..။ သြော် ဘ၀လေးရယ် နွမ်းလျလျ တောင်ဖြစ်နေရောပေါ့လေ.။လောကမှာ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ် မလုပ်နိုင်ပါလားနော်..။ အခုတော့ နောက် ကြောင်းကိုပြန်ကြည့်လိုက်ရင် ..ရယ်ချင်ချင် ဖြစ်နေမိတာ Cupid ပြုံနေရတယ်ဗျာ..။
အဲလေ လူငယ်ဘ၀ဆိုတော့လည်း ဘယ်ပြောလို့ဖြစ်မလဲနော်..။ Cupid သဘောပေါက်ခဲ့ရပါတယ်
မိန်းခလေးဆိုတာ အရုပ် မဟုတ်ဘူး ..။ ဒါပေမယ့် တစ်ချို့မိန်းခလေးတွေက အရုပ်လုပ်ချင်နေကြလေရဲ့ ဗျာ..။နှမ
ချင်းကိုယ်ချင်း စာလို့ပြောပြတာပါ တစ်ချို့မိန်းခလေးတွေများ မိဘ တွေကိုတောင် အားနာနေမိတယ်..။
ပန်းတိုင်း ပွင့်လို့ ပွင့်တဲ့ ပန်းတိုင်း မွှေးပါစေသောဝ်..။
မေတ္တာများစွာဖြင့် --

- Maung Cupid -
0 comments:
Post a Comment